နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရိုက်တန်ကို အမှားအယွင်းမရှိ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရိုက်တန် ၀-၂ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ လစ်ဗာပူးလ်တို့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘရိုက်တန်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ရလဒ်ကောင်းလေ့ ရှိတဲ့ လစ်ဗာပူးလ်တို့ ဒီနေ့ပွဲမှာလည်း ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် သွင်းဂိုး ၂ ဂိုးတည်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်တို့ လာမယ့် ရက်မှာ အာဆင်နယ်နဲ့ ပရီမီးယားလိဂ် ပွဲစဉ် ၂၇ ပွဲကျန် ကစားရဖို့ ရှိပြီး ဘရိုက်တန် ကလည်း စပါးနဲ့ ပွဲစဉ် ၁၆ ပွဲကျန် ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဘရိုက်တန်

အခုပွဲမှာ ဂရေဟမ် ပေါ်တာရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ မူပေး တစ်ဦးတည်းကို အထောင်ထားပြီး ထရော့ဆက်ဒ်၊ အယ်လစ်စတား၊ မက်ချ် တို့နဲ့ ရံကစားစေခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ အဲလ်ဇိတ်၊ ဘစ်ဆူးမား၊ ဒန့်ခ်၊ ဗဲလ်မန်း၊ လမ့်ပ်တေး၊ ကူကာရယ်လာ၊ ဂိုးမှာတော့ ဆန်းချက်ဇ်ပဲ ပါဝင်လာခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ ၄-၃-၃ ကစားကွက်မှာ တိုက်စစ်က ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာ၊ လူးဝစ် ဒီးရာ့ဇ်တို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ နာဘီကေတာ၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ ခံစစ်နဲ့ ဂိုး မှာတော့ ဗန်ဒိုက်ခ်၊ မက်တစ်ပ် အတွဲနဲ့ အတူ အာနိုးလ်၊ ရော်ဘတ်ဆန်၊ အလီဆွန် ဘက်ကာ တို့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ထုံးစံ အတိုင်း လစ်ဗာပူးလ်တို့ ပွဲစကတည်းက High Pressing ကစားခဲ့ပြီး စောစောစီးစီး ဂိုးရဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ မိုဟာမက်ဆာလာ၊ လူးဝစ် ဒီးရာ့ဇ် တို့ရဲ့ လျင်မြန်တဲ့ တောင်ပံတွေ ကနေ ဘရိုက်တန် ခံစစ်ကို ဖိအားခဲ့ရာမှာ ပွဲချိန် ၁၉ မှာတင်ပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ မက်တစ်ပ်ရဲ့ ကွင်းလယ် ကနေ ကန်တင် ပေးပို့လိုက်တဲ့ ဘောလုံးကို လူးဝစ် ဒီးရာ့ဇ်က လူကျွံထောင်ချောက်ကို ဖောက်ထွက် ခေါင်းတိုက်ပြီး အနာခံသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လစ်ဗာပူးလ် တို့ပဲ ဘရိုက်တန် ခံစစ်ကို ဆက်လက် ဖိအားနိုင်ခဲ့ပေမယ့် ဆာလာရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အဂျက်
ဘန်ဖီကာ
1X2 Ajax @ 1.39
Ajax အာရှ ဟန်းဒီးကပ် -1.25 @ 1.84
ဂိုးပေါင်း 2-3 @ 2.31
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာတော့ ဂရေဟမ်ပေါ်တာ အနေနဲ့ အဒမ် လယ်လာနာ ထည့်ပြီး လစ်ဗာပူးလ်ကို ကွင်းလယ်ချင်း ယှဉ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်တော့ သိပ်မဖြစ်ခဲ့ပါဘူး။ ဆာလာ ကတော့ အဆုံးသတ်တွေ လွဲချော်နေဆဲ ဖြစ်ပြီး အာနိုးလ်ရဲ့ ပေးပို့မှု ကနေ ဆာလာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဘားတန်း ထိခဲ့သလို လူးဝစ် ဒီးရာ့ဇ်ရဲ့ ဖန်တီးပေးမှုကနေ ဆာလာ အပိုင် ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးက ထွက်ခဲ့လို့ လစ်ဗာပူးလ်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ ကျော်မှာ နာဘီ ကေတာရဲ့ ကန်ချက်ကို ဘစ်ဆူးမား တားဆီးရာမှာ လက်ထိခဲ့လို့ လစ်ဗာပူးလ်တို့ ပင်နယ်တီ ရခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ မိုဟာမက် ဆာလာက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ဘရိုက်တန်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပြိုင်ဘက် နောက်တန်းကို အချိတ်အဆက်မိမိ ပြန်လည် ထိုးဖောက်နိုင်ခဲ့ပေမယ့် လစ်ဗာပူးလ် နောက်ခံလူတွေနဲ့ ဂိုးသမား အလီဆွန်ရဲ့ လက်စွမ်းပြမှုကြောင့် သွင်းဂိုးတွေ ထပ်မမြင်ရတော့ပဲ ၀-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ 

 

ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရတော့ အထွေအထူး ပြောစရာမရှိပါဘူး။ ကလော့ပ်ရဲ့ အသင်းက ထုံးစံ အတိုင်း အစီအစဉ်တကျ ကစားသွားနိုင်ခဲ့ပြီး အနိုင် ၃ မှတ် အခက်အခဲ မရှိ ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂိုးသွင်း စွမ်းရည် အနည်းငယ် ပြန်ကျနေတဲ့ ဆာလာ အနေနဲ့ ဒီနေ့ပွဲ မှာလည်း အပိုင် အခွင့်အရေးတွေ အကြိမ်ကြိမ် ဖြုန်းတီးခဲ့ပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အီဂျစ် တိုက်စစ်မှူး အနေနဲ့ လစ်ဗာပူးလ် အတွက် ၂၀၀၀ ပြည့် ပရီးမီးယားလိဂ် သွင်းဂိုးကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ကလည်း အရင်ပွဲတွေတုန်း ကလိုပဲ တိုက်စစ်က ရုန်းကန်နေရဆဲ ဖြစ်သလို ကစားသမား အင်အား မတောင့်တင်းမှုကြောင့် လစ်ဗာပူးလ်ကို ယှဉ်ကစားနိုင်ခြင်း မရှိပဲ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၃ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ဘရိုက်တန် ကတော့ နောက်ဆုံး ၅ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ရက်မှာ အာဆင်နယ်နဲ့ ပရီမီးယားလိဂ် ပွဲစဉ် ၂၇ ပွဲကျန် ကစားရဖို့ ရှိပြီး ဘရိုက်တန် ကလည်း စပါးနဲ့ ပွဲစဉ် ၁၆ ပွဲကျန် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်