နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိုက်စတား ခြေစွမ်းနဲ့ အဲဗာတန်ကို ဂိုးပြတ် တီးလိုက်တဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၅-၀ အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ပွဲကျန် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မှာတော့ စပါးက အဲဗာတန်ကို ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ခြေစွမ်းနဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ အဲဗာတန်တို့ စပါးကို ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တဲ့ အပြင် ခံစစ်ကြောင်း ကလည်း အမှားအယွင်းတွေ တော်တော်များခဲ့လို့ ၅ ဂိုးပြတ် ရလဒ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ ကစားကွက်တွေနဲ့ပဲ ပွဲထွက်လာခဲ့ကြပြီး ကွန်တီရဲ့ ၃-၄-၂-၁ အခင်းအကျင်းမှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ဆက်ဆနွန်၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ဒိုဟာတီ၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲယို၊ ဘန်ဒေးဗီးစ်နဲ့ ဂိုးမှာတော့ လိုရစ်ပဲ ပါဝင်လာခဲ့ပါတယ်။ ၃-၅-၂နဲ့ ပွဲထွက်လာတဲ့ ဖရန့်ခ်လမ်းပတ် ရဲ့ အသင်း မှာတော့ ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ အဲလန်၊ ဗန်ဒီဘိခ်၊ ဒိုကိုရေး၊ ကိန်း၊ ဟိုးလ်ဂိတ်နဲ့ ကိုးလ်မန်းတို့လို့ အမာခံ ကစားသမားတွေ ပါဝင်ခဲ့ကြပါတယ်။

လိဒ်စ်ယူနိုက်တက်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်က ခြေစွမ်းအတိုင်း စပါးတို့ ကစားနိုင်ခဲ့ကြပြီး ပွဲစကတည်းက ဧည့်သည် အဲဗာတန် ဘက်ကို ပုံစံ မျိုးစုံနဲ့ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဆက်ဆနွန်၊ ဒိုဟာတီ တို့ရဲ့ တောင်ပံ နှစ်ဖက်လုံးက ပြိုင်ဘက်ရဲ့ ခံစစ်ကို ကောင်းကောင်း အလုပ်ပေးနိုင်ခဲ့သလို ဆွန်၊ ကူလူဆက်ဗ်စကီးနဲ့ ကိန်းတို့ရဲ့ မြန်နှုန်းမြှင့် တိုက်စစ် ရွှေ့လျားမှုကြောင့်လည်း အဲဗာတန်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ပွဲစပြီး ၁၄ မိနစ် အကြာမှာပဲ စပါးတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဘန်တန်ကာ၊ ဘန်ဒေးဗီးစ်နဲ့ ဆက်ဆနွန် တို့ရဲ့ တွဲလုံး ကနေ တစ်ဆင့် ဟယ်ရီကိန်းဆီ ဖြတ်တင် ပေးပို့မှုကို အဲဗာတန် နောက်တန်းက မိုက်ကယ်ကိန်း တားဆီးရာမှာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။ စပါးတို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး နောက်ထပ် ၃ မိနစ် အကြာမှာ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟယ်ရီကိန်းနဲ့ ကူလူဆက်ဗ်စကီးတို့ တစ်ချက်ထိ ဘောလုံး အပေးအယူ ပြုလုပ်ပြီး တိုက်စစ်ဆီ မျှောပေးလိုက်တာကို ဆွန်ဟောင်မင် က ဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အဲဗာတန် ခံစစ်ရဲ့ လူကပ်ကစားပုံ အားနည်းမှုကို စပါးတို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ ဒိုဟာတီ ကွင်းလယ်က မျှောပေးလိုက်တဲ့ ဘောလုံးကို ဟယ်ရီကိန်းက လူကျွံထောင်ခြောက်ကို ဖောက်ထွက်ပြီး သွင်းယူခဲ့လို့ ပထမပိုင်း အပြီးမှာ ၃-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရဂိုး မရှိ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန် ကတော့ အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုန် ဖိအားတွေလည်း ပိုပြီး များသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ဒုတိယပိုင်း မှာတော့ ဒဏ်ရာရသွားတဲ့ ဆက်ဆနွန် နေရာမှာ ရက်ဂီလောင်း ဝင်ရောက်လာခဲ့လို့ စပါးတို့ တောင်ပံ တိုက်စစ် ကစားအား ပိုကောင်းသွားခဲ့ပါတယ်။ အဲဗာတန် ကတော့ ခံစစ် သပ်သပ်ပဲ အားပြု ကစားနေခဲ့ရပြီး တန်ပြန် တိုက်စစ်ကနေ ဂိုးပြတ် ရဖို့ မျှော်လင့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ၄၆ မိနစ် မှာတော့ စပါးတို့ စတုတ္ထဂိုး သွင်းယူနိုင်ခဲ့ပြီး ကူလူဆက်ဗ်စကီးရဲ့ ပေးပို့မှုကို လူစားဝင် ကစားသမား ရက်ဂီလောင်းက ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကစားကွက်မိသွားတဲ့ စပါးကို ဘယ်လိုမှ တားဆီးနိုင်ခြင်း မရှိတော့တဲ့ အဲဗာတန်တို့ ပွဲချိန် ၅၅ မိနစ် မှာတော့ ၅ ဂိုးမြောက် ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ် မှာလည်း ဒိုဟာတီရဲ့ ကန်တင်ပေးပို့မှုကို ဟယ်ရီကိန်းက မြေမကျ ကန်ချက်နဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အဲဗာတန် ဘက်က မိုင်ကိုလန်ကို၊ ဒယ်လီ အလီတို့ ဝင်လာခဲ့ပေမယ့် စပါးက ဘက်ဂျ်ဝင်း တစ်ဦးတည်းကို ထည့်ပြီး အနိုင်ဂိုးကို ထိန်းသွားခဲ့လို့ ၅-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ကစားသမားကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပေမယ့် ခြေစွမ်း အဆင့်အတန်း ကွာခြားတဲ့ အသင်း နှစ်သင်းရဲ့ ယှဉ်ပြိုင်မှုကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စပါး ကွင်းလယ်နဲ့ တောင်ပံတွေ ချိတ်ဆက် ကစားပုံ တိကျကောင်းမွန်ခဲ့ပြီး တိုက်စစ် ကလည်း အဆုံးသတ် သေချာလွန်းခဲ့လို့ ၅ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ တိုက်စစ် စတင်ဖို့ မပြောနဲ့ ခံစစ် မှာသာ အချိန်ကုန်ခဲ့ရပြီး မိုက်ကယ်ကိန်း၊ ဟိုးလ်ဂိတ်၊ ကိုးလ်မန်း တို့ရဲ့ လူကပ်ကစားပုံ ညံ့ဖျင်းမှုက ဂိုးပြတ် ရှုံးပွဲကို ဦးတည်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ရဲ့ ခံစစ်ကို ပါးပါးနပ်နပ် ကျော်ဖြတ်တတ်တဲ့ ကိန်း၊ ဆွန်နဲ့ ကူလူဆက်ဗ်စကီး တို့လို တိုက်စစ်မှူးတွေကို လူကျွံဖမ်းကစားတာ ကိုက နည်းပြ ဖရန့်ခ်လမ်းပတ်ရဲ့ နည်းစနစ် ဗျူဟာပိုင်း မှားယွင်းမှု ဖြစ်ပါတယ်။

ပွဲအပြီးမှာ စပါးတို့ ရမှတ် ၄၅ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေဆဲ ဆိုပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကိုတော့ ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရဂိုး မရှိ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန် ကတော့ အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုန် ဖိအားတွေလည်း ပိုပြီး များသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး အဲဗာတန် ကတော့ ဂွတ်ဒီဆင်ပါ့ခ်မှာ ဝုဗ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်