နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကျိုးအမြတ် အတွက် ဝုဗ် ဘက်မှာပဲ ရပ်တည်ထားသင့်တယ် | ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ခရစ္စတယ်ပဲလေ့စ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ခရစ္စတယ်ပဲလေ့စ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ တွေ့ဆုံမှု ကလည်း အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ကစားတတ်တဲ့ အသင်းတွေ ဖြစ်ပြီး အစဉ်အလာအရလည်း တစ်သင်းနဲ့ တစ်သင်း အသာရမှု သိပ်မရှိခဲ့လို့ အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဘယ်အသင်းက ရလဒ်ကောင်း ရှာဖွေနိုင်မလဲ ဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ပွဲကြပ်ကာလ ကစပြီး ကစားခဲ့သမျှ ပွဲတော်တော်များများမှာ ရလဒ်တွေ ကောင်းခဲ့တဲ့ ဝုဗ်တို့ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ထားခဲ့ပါတယ်။ ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ စပါးတို့လို အသင်းတွေ နည်းတူ ဥရောပဝင်ခွင့်ကို မျှော်လင့်နိုင်ဆဲ ဖြစ်လို့ ဝုဗ်တို့ ပြီးခဲ့တဲ့ ပွဲတွေမှာ ခြေချော်ခဲ့တာ ခပ်မြန်မြန် ရပ်တန့်နိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ တစ်ချက်ရှိတာက ဝုဗ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ၁၂ ပွဲ ကစားမှာ ၁၇ မှတ်ပဲ ရှာဖွေထားနိုင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲ နိုင်ပြီး ၂ ပွဲ ရှုံးထားတဲ့ ဝုဗ်တို့ အခုပွဲမှာ ကစားရခက်တဲ့ ပဲလေ့စ်နဲ့ တွေ့ဆုံနေလို့ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာ သေချာနေပါတယ်။ လက်တလော ဘရူနို လာ့ချ်ရဲ့ အသင်းမှာ ဆီမီဒို ဒဏ်ရာကြောင့် အနားယူနေရလို့ လူငယ်ကစားသမားလေး ဟိုအဲဗားကို ပွဲထွက်ခွင့်ပေးဖွယ်ရှိနေပြီး ပိုဒန့်စ်၊ ဂျင်မီနက်ဇ်၊ ပက်ဒရိုနီတို၊ ဒန်ဒွန်ကာ၊ မာကယ်၊ ရူဘင် နီးဗက်စ်၊ ဆာအိစ်၊ ကိုဒီ၊ ကေးလ်မန်း၊ ဂျိုဆေး ဆား တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်မှာလည်း ပဲလေ့စ်တို့ အနိုင်ရထားခဲ့ပြီး နှစ်ကြိမ်စလုံး ဆဲလ်ဟတ်ပါ့ခ်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ပက်ထရစ် ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ ကစားသမားကောင်း အများကြီး ပိုင်ဆိုင်ထားပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးတဲ့ အသင်း ဖြစ်ပါတယ်။ ပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၆ ပွဲ၊ သရေ ၁၂ ပွဲ၊ ရှုံးပွဲ ၉ ပွဲအထိ ပိုင်ဆိုင်ထားတဲ့ ပဲလေ့စ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ သရေပွဲ အများဆုံး သုံးသင်းထဲက တစ်သင်း ဖြစ်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီး တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန် ၄ ပွဲမှာ သရေ ၃ ပွဲ၊ နိုင်ပွဲ ၁ ပွဲ ရှိထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပဲလေ့စ်ဟာ ခြေစွမ်းပိုင်းမှာ အရမ်းမဆိုးပေမယ့် နိုင်ပွဲ ရှာဖွေနိုင်တဲ့ အခြေအနေ မျိုးတော့ ရှိမနေဘူးလို့ ပြောလို့ ရပါတယ်။ လက်တလော အသင်းမှာ လူပြန်စုံနေလို့ အခု ပွဲကိုလည်း ဗီအဲရာ အနေနဲ့ အတောင့်တင်းဆုံး လူစာရင်း ရင်ဆိုင်လာဖို့ ရှိနေပါတယ်။ ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ဇာဟာ၊ အက်ဒ်ဝက်၊ အိုလစ်ဆီ တို့ကို တွဲဖက်ပြီး ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဂယ်လက်ဂါ၊ မီလီဗိုဂျီဗစ်၊ မက်အာသာ၊ မစ်ချယ်၊ ဂီဟီ၊ အန်ဒါဆင်၊ နေသန် ကလိုင်း တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်မှာ ဝုဗ်က ၄ ကြိမ်နိုင်၊ ၁ ပွဲသရေကျပြီး ခရစ္စတယ်ပဲလေ့စ်တို့ ၅ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်မှာလည်း ပဲလေ့စ်တို့ အနိုင်ရထားခဲ့ပြီး နှစ်ကြိမ်စလုံး ဆဲလ်ဟတ်ပါ့ခ်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။ ဝုဗ် အိမ်ကွင်း နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ ဝုဗ်တို့ ၁-၀၊ ၂-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဝုဗ် အတွက် ၂.၃၀ ဆ၊ သရေ အတွက် ၃.၁၀ ဆ၊ ပဲလေ့စ် အတွက် ၃.၄၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပဲလေ့စ်တို့ မိုလီနက်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် ဝုဗ်ကို အရှုံးပေးထားရပါတယ်။ အရှုံးပေးခဲ့ရတာမှ ဂိုးတောင် မရပဲ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ကစားသမား အင်အားစုဖွဲ့မှုချင်း သိပ်ပြီး မကွာဟပေမယ့် အဆုံးသတ် အပိုင်းမှာ ဝုဗ်က ပိုကောင်းလို့ ဒီပွဲမှာလည်း အိမ်ရှင် ဘက်ကပဲ အပြည့်အဝ ရပ်တည်ထားချင်ပါတယ်။ နှစ်သင်းလုံး ခံစစ် ကစားပုံ ကောင်းကြလို့ သွင်းဂိုး နည်းနိုင်ပါတယ်။ ဝုဗ်တို့ ၁ ဂိုးလောက်နဲ့ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်