နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လန်ဒန်ကွင်းမှာ ဟမ်းမားတွေကို ခက်ခဲစေဦးမယ့် ဝုဗ် | ဝက်စ်ဟမ်း – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ် စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲသာ ကစားဖို့ ကျန်ရှိပြီး ဝက်စ်ဟမ်းတို့ လန်ဒန်ကွင်းမှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဥရောပဝင်ခွင့် မျှော်လင့်ချက် ကိုယ်စီ ရှိနေတဲ့ အသင်းတွေ ဖြစ်လို့ အမှားမခံစတမ်း ကစားဖို့ ရှိနေပြီး အနိုင်အရှုံး အဖြေပေါ်ဖို့ ရာခိုင်နှုန်း နည်းတဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ်။

ဒေးဗစ်မွိုက်စ်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ကတည်းက နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိသေးတာ တွေ့ရပါတယ်။ ရှုံးပွဲ မရှိခဲ့ဘူး ဆိုပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ လက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ကို သရေသာ ကစားထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန် အထိ ဝက်စ်ဟမ်းတို့ ၁၂ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံး ရလဒ် ရရှိထားပြီး လက်ရှိ အဆင့် ၆ နေရာမှာ ရှိနေခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ချန်ပီယံလိဂ် ဝင်ခွင့်ကို မျှော်လင့်နိုင်ဆဲ ဖြစ်ပေမယ့် အဓိက ပြိုင်ဘက်တွေထက် ပွဲပိုတွေ ကစားထားတာကြောင့် သိပ်တော့ အခြေအနေ မကောင်းပါဘူး။ ဒီပွဲပြီးရင် ဝက်စ်ဟမ်းတို့ ဆောက်သမ်တန်နဲ့ အက်အေဖလား၊ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ်၊ ဆီဗီလာနဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။ အခုပွဲ မှာသာ အကယ်၍ ဝက်စ်ဟမ်းတို့ ရှုံးနိမ့်ခဲ့မယ် ဆိုရင် ကျိန်းသေပေါက် ဝုဗ်ရဲ့ ကျော်တက်ခြင်း ခံရဖို့ ရှိနေတာကြောင့် ဒေးဗစ်မွိုက်စ် အနေနဲ့ အဘက်ဘက်က အမှား အနည်းဆုံးနဲ့ ကစားနိုင်ဖို့ အသေအချာ ပြင်ဆင်လာပါလိမ့်မယ်။ အခုပွဲကိုတော့ ယူကရိန်း တိုက်စစ်မှူး ယာမိုလန်ကို၊ ဗလာဒီမာ ကူဖယ်၊ အော့ဂ်ဘွန်နာ၊ မာဆူအာကူ တို့ လွဲချော်ဖို့ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ အန်တိုနီယို၊ ဘန်ရားမား၊ ဖော်နယ်စ်၊ ဘိုဝင်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ခရက်စ်ဝဲလ်၊ ဇူးမား၊ ဒေါ်ဆန်၊ ဂျွန်ဆင်နဲ့ ဖေဘီယန်းစကီးတို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီပွဲပြီးရင် ဝက်စ်ဟမ်းတို့ ဆောက်သမ်တန်နဲ့ အက်အေဖလား၊ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ်၊ ဆီဗီလာနဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဝုဗ် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ကို ခြေရည်တူ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ပေပေနဲ့ လာကာဇက်ရဲ့ နောက်ကျဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ အသဲကွဲထားတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်း အရ ဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ ရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲနိုင်၊ ၂ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ နှစ်ပွဲ ကလည်း အာဆင်နယ် တစ်သင်း တည်းကို ဖြစ်ပါတယ်။ ဝုဗ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ အိမ်ကွင်းထက် အဝေးကွင်း စွမ်းဆောင်ရည် ပိုကောင်းနေခဲ့ပြီး အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားခဲ့သလို စပါးနဲ့ မန်ချက်စတာယူနိုက်တက် တို့လို အသင်းကောင်းတွေ ကိုပါ အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဝုဗ် အတွက် နောက်ထပ် အားသာချက် တစ်ခုက ပရီးမီးယားလိဂ် တစ်ခုတည်းကို အပြည့်အဝ အာရုံစိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီပွဲနိုင်ရင် အဆင့် ၆ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်လို့ ဝုဗ်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပြီး လန်ဒန်ကွင်း ကနေ အနိုင် ၃ မှတ်ယူပြီး ပြန်နိုင်ဖို့ ရည်ရွယ်နေပါလိမ့်မယ်။ ဘရူနိုလာ့ချ် အနေနဲ့ အခု လာမယ့် ပွဲမှာ ပွဲထွက် ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်လာနိုင်ပြီး ဒဏ်ရာရနေခဲ့တဲ့ ဆီမီဒို နေရာမှာ ပက်ဒရို နီတိုကို ပွဲထွက်ခွင့်ပေးမယ့် သဘော ရှိနေပါတယ်။ 

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
အိုဆာစူနာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်မှာ ဝက်စ်ဟမ်းက ၄ ကြိမ်နိုင်ပြီး ဝုဗ်က ၅ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံ ကစားခဲ့တဲ့ ၉ ကြိမ်စလုံး အနိုင်အရှုံး အဖြေပေါ်ခဲ့ပြီး နှစ်သင်းပေါင်း သွင်းဂိုး ၂ ဂိုးအောက် ရှိခဲ့တဲ့ ပွဲကလည်း ၃ ပွဲသာ ရှိခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်မှာတော့ ဝုဗ်တို့ အိမ်ကွင်းမှာ ဂျင်မီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2  ရဲ့ ကြေးဖွင့်မှု အရ ဝက်စ်ဟမ်း အတွက် ၂.၁၁ ဆ၊ သရေ အတွက် ၃.၂၀ ဆ၊ ဝုဗ် အတွက် ၃.၅၅ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့ပြီး လက်ရှိ အဆင့် ရပ်တည်မှု အရလည်း ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာ သေချာပါတယ်။ ခြေစွမ်း ကွာဟချက် မရှိတာကြောင့် အမှားနည်းတဲ့ အသင်းက အနိုင် ၃ မှတ် အပြည့်ရသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သရေရလဒ်ကို သဘောကျနေပေမယ့် စိတ်ချရမယ့် ဂိုးပေါင်း အောက်ကိုပဲ ရွေးချယ်စေချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်