နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ် အရှုံးကို အိုးထရက်ဖို့ဒ်မှာ လက်စားပြန်ချေမယ့် ယူနိုက်တက် | မန်ချက်စတာယူနိုက်တက် – ဝက်ဖို့ဒ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ဝက်ဖို့ဒ်

ရလဒ်တွေ ပြန်ကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ပထမအကျော့တုန်းက ဂိုးပြတ် အရှုံးကို လက်စားပြန်ချေသွားနိုင်မလား။ ဒါမှမဟုတ် တန်းဆင်းဇုန် ရုန်းအားနဲ့ ကစားလာမယ့် ဝက်ဖို့ဒ် ကပဲ ယူနိုက်တက်ကို နောက်ထပ် တစ်ကြိမ် ခက်ခဲစေနိုင်ဦးမှာလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ဂိုးပြတ် အနိုင်ရခဲ့ခြင်းနဲ့ အတူ ခြေစွမ်းပိုင်း အနည်းငယ် ပြန်လည် တည်ငြိမ်နေခဲ့ပေမယ့် အားရစရာ ခြေစွမ်းမျိုးတော့ မမြင်ရသေးပါဘူး။ အက်တလက်တီကို မက်ဒရစ်နဲ့ ပွဲတုန်းက ဆိုရင် ယူနိုက်တက်ဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့တဲ့ အထိ တိုက်စစ်ပိုင်း အားနည်းခဲ့တာ တွေ့ရပါတယ်။ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ ချိတ်ဆက် ကစားနိုင်မှု အပိုင်းမှာ လိုအပ်တွေ ရှိနေဆဲ ဖြစ်ပြီး ရော်နယ်ဒိုလည်း ဂိုးမမြူးတာ ကြာပါပြီ။ လက်တလော အဆင့် ၄ နေရာမှာ ရှိနေပေမယ့် အာဆင်နယ် ထက် ၂ ပွဲ ပိုကစားထားသလို ၁ မှတ်သာ ဖြတ်ထားနိုင်တဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်ပါတယ်။ နောက်ပြီး မန်စီးတီး၊ စပါး၊ အက်တလက်တီကို၊ လစ်ဗာပူးလ်၊ လက်စတာစီးတီး တို့နဲ့ တောက်လျောက် ပွဲကြပ်တွေ ကစားရဖို့ ရှိနေတဲ့ အတွက် ယူနိုက်တက် ဒီပွဲမှာ လုံးဝ ခြေချော်လို့ မရပါဘူး။ သတင်းတွေ အရ ဆိုရင် အခုပွဲကို ကွင်းလယ် ကစားသမား မက်တော်မီနေး ဖျားနာနေလို့ လွဲချော်မယ်လို့ သိရပြီး ကာဗာနီ လည်း ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကွင်းလယ်မှာ ဖရက်ဒ် သို့မဟုတ် မာတစ် ဝင်ကစားဖွယ် ရှိနေပြီး ရော်နယ်ဒို၊ အီလန်ဂါ၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ဗာရန်း၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ အဲလက်စ် တဲလက်စ်နဲ့ ဒါးဗစ် ဒက်ဟဲယား တို့နဲ့ ပွဲထွက်လာဖို့ များပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲ အများဆုံး အသင်း ဖြစ်တဲ့ ဝက်ဖို့ဒ် ကတော့ ရွိုင်းဟော့ဆန်နဲ့ အတူ တန်းမဆင်းရရေး အားစိုက် ရုန်းနေပေမယ့် ရလဒ်တွေ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ အက်စတွန်ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့လို့ ဝက်ဖို့ဒ်တို့ မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ ပဲလေ့စ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့လို့ အဆင့် ၁၉ နေရာကို ပြန်ဆင်းထားခဲ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ ဝက်ဖို့ဒ်တို့ အိုးထရက်ဖို့ဒ်မှာ သရေ တစ်မှတ်တောင် မျှော်လင့်ခွင့် မရှိပါဘူး။ ဂိုးမပြတ်ဖို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ အီတီဘိုနဲ့ အန်ကူလူ တို့ကလွဲလို့ ကျန်ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပြီး လူစာရင်း မှာတော့ ထုံးစံ အတိုင်း ဒန်းနစ်၊ ဆား၊ ဟာနန်ဒက်ဇ်၊ လိုဇာ၊ ကလီဗာလေ၊ ဆစ်ဆိုခို၊ ကာမာရာ၊ ဆာမီရာ၊ ကတ်သ်ကတ်၊ ကီကို၊ ဘန်ဖော်စတာ တို့ပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ရှုံးပွဲ အများဆုံး အသင်း ဖြစ်တဲ့ ဝက်ဖို့ဒ် ကတော့ ရွိုင်းဟော့ဆန်နဲ့ အတူ တန်းမဆင်းရရေး အားစိုက် ရုန်းနေပေမယ့် ရလဒ်တွေ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၂ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်တို့ ၉ ကြိမ် အနိုင်ရခဲ့ပြီး ဝက်ဖို့ဒ် ကတော့ ၃ ကြိမ်ပဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဝက်ဖို့ဒ်က အိမ်ကွင်းမှာ ၄-၁ ရလဒ်နဲ့ ယူနိုက်တက်ကို အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ မန်ချက်စတာယူနိုက်တက် အတွက် ၁.၃၃ ဆ၊ သရေ အတွက် ၄.၉၀ ဆ၊ ဝက်ဖို့ဒ် အတွက် ၉.၀၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ယူနိုက်တက်တို့ ဂုဏ်သိက္ခာအရရော၊ ရမှတ် လိုအပ်ချက်အရပါ ဒီပွဲကို အပြည့်အဝ အာရုံစိုက်လာပါလိမ့်မယ်။ ယူနိုက်တက် အနိုင်သေချာပါတယ်။ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရမှာပါ။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်