နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေ ရလဒ်ကို အရဲစွန့် ရွေးချယ်ထားချင်တယ် | လိဒ်စ်ယူနိုက်တက် – မန်ချက်စတာယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – မန်ချက်စတာယူနိုက်တက်

စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ ပွဲကောင်း နှစ်ပွဲ ကစားဖို့ ကျန်ရှိနေပြီး လိဒ်စ်ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပွဲစဉ်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ မနှစ်က ပရီးမီးယားလိဂ် မှာ အစွမ်းတွေ ပြခဲ့သလောက် ဒီနှစ် မှာတော့ အမှတ်ပေးဇယား အလယ်လောက် အထိတောင် တက်လှမ်းနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၀ ပွဲ ရှုံး၊ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၅ နေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဝက်စ်ဟမ်းကို ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ နယူးကာဆယ်နဲ့ အဲဗာတန်ကို ရှုံးပြီး အက်စတွန်ဗီလာနဲ့ သရေကျထားတဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လိုမှ အားရစရာ မရှိပါဘူးလို့ ပြောလို့ ရပါတယ်။ ဘီရဲယ်ဆာရဲ့ အသင်းဟာ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာ ရရှိနေခြင်းနဲ့ အတူ ကစားကွက် အသားမကျပဲ ဖြစ်ပြီး ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေ မှာတော့ ၄-၂-၃-၁ ကို အသုံးများနေပေမယ့် ၃-၄-၃၊ ၄-၁-၄-၁ တို့လောက် အဆင်မပြေသေးတာ တွေ့ရပါတယ်။ အခုပွဲကို ကယ်ဗင် ဖီးလစ်၊ လီယမ် ကူပါး၊ ပက်ထရစ် ဘမ်းဖို့ဒ် တို့ လွဲချော်ဦးမှာ ဖြစ်ပြီး ဒါးလက်စ် လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

မစ်ဒယ်ဘရော့ကို ရှုံးပြီး အက်ဖ်အေဖလား ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရ အနည်းငယ် ပြန်တက်နေလောက်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ကြားရက်က ကစားခဲ့တဲ့ ပွဲကျန် ပွဲစဉ်မှာ ဘရိုက်တန်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာ ပြန်လည် တက်လှမ်းထားနိုင်ပါတယ်။ ရော်နယ်ဒို ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး ၆ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးမှု စံချိန်ဆိုးကိုလည်း ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ မစ်ဒယ်ဘရော့ကို ရှုံးပြီး အက်ဖ်အေဖလား ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရ အနည်းငယ် ပြန်တက်နေလောက်ပါတယ်။ ယူနိုက်တက်ရဲ့ အဓိက အားနည်းချက် ကတော့ ပွဲထွက် ကစားသမားတွေ ခြေစွမ်း တည်ငြိမ်မှု မရှိတဲ့ အပြင် နိုင်လိုစိတ် ကင်းမဲ့နေတာ ဖြစ်ပါတယ်။ ရက်ဖ် ရန်းညက်ခ် အနေနဲ့ အခုပွဲ မှာလည်း ၄-၂-၃-၁ ကစားကွက်ကိုပဲ အသုံးပြုလာဖို့ များနေပြီး ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲက လူစာရင်း အတိုင်းပဲ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒီပွဲ အပြီး ၃ ရက် အကြာမှာ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် ကစားဖို့ ရှိနေပေမယ့် ယူနိုက်တက်တို့ လက်ရှိ အဆင့် ရပ်တည်မှုကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်နေတာကြောင့် အကောင်းဆုံး ပွဲထွက် လူစာရင်းကိုပဲ အသုံးပြုလာဖို့ များပါတယ်။

လာလီဂါ
ဘီလ်ဘာအို
ရီးယဲလ် ဆိုစီဒက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တစ်ချိန်က ပြိုင်ဘက်ကောင်းတွေ ဖြစ်ခဲ့လို့ ထိပ်တိုက် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ကစားကြလေ့ ရှိတဲ့ အသင်းတွေလို့ ပြောလို့ ရပါတယ်။ ယူနိုက်တက် အနေနဲ့ လိဒ်စ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၉ ပွဲ အထိ မရှုံးအောင် ကစားထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တွေ့ဆုံမှု ၅ ပွဲမှာလည်း ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ၄ ပွဲမှာလည်း ယူနိုက်တက်တို့ တစ်ပွဲကို အနည်းဆုံး ၃ ဂိုး သွင်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပထမအကျော့ အိုးထရက်ဖို့ဒ်ကွင်း တွေ့ဆုံမှု မှာလည်း ယူနိုက်တက်က ၅-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လိဒ်ယူနိုက်တက် vs မန်ချက်စတာ ယူနိုက်တက်ဂိုးပေါ် 3.00 @ 2.04
ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၈:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ လိဒ်စ်ယူနိုက်တက် အတွက် ၃.၆၅ ဆ၊ သရေ အတွက် ၃.၇၅ ဆ၊ မန်ချက်စတာယူနိုက်တက် အတွက် ၁.၈၉ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ အဘက်ဘက်က သာနေတဲ့ အသင်း ဆိုပေမယ့် ရန်းညက်ခ် လက်အောက်မှာ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်လို့ အပြည့်အဝ မယုံကြည်ရဲပါဘူး။ လိဒ်စ် ကလည်း ခြေမငြိမ်တဲ့ အသင်း မို့လို ဘက်ရွေးတာထက် ဂိုးပေါင်းကို စဉ်းစားတာက ပိုပြီး စိတ်ချရနိုင်ပါတယ်။ Final Third မှာ ကစားပုံ ကောင်းတဲ့ အသင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်လို့ ရနိုင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်