လာလီဂါ ကလပ် ဘာစီလိုနာ ကြယ်ပွင့် လာမင်း ယာမယ် ကတော့ အသင်းရဲ့ ဂန္ထဝင် လီယွန်နယ် မက်ဆီနဲ့ ပတ်သတ်လို့ ချီးကျူးစကားတွေ ပြောကြားလာခဲ့ပါတယ်။ စပိန် ကြယ်ပွင့်လေးက သူ့ အတွက် အာဂျင်တီးနား အသင်းခေါင်းဆောင်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သလို မက်ဆီနဲ့ နှိုင်းယှဉ်နေမှုတွေ ကိုလည်း မလိုချင်ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ယာမယ်က “မေးခွန်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် သူ့ကို လေးစားပါတယ်။ သူ ဖြစ်ခဲ့တာတွေ၊ ဘောလုံး အတွက် သူက ဘာလဲဆိုတာတွေကိုပေါ့။ ကျွန်တော် တို့ဟာ ကွင်းထဲမှာ ဆုံတွေ့ရင်လည်း အပြန်အလှန် လေးစားမှု ရှိရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ ဘောလုံးသမားတွေ ဖြစ်လို့ပါ။ ကျွန်တော့် အဖို့ သူဟာ သမိုင်းမှာ အကောင်းဆုံးပါပဲ။ သူလည်း ကျွန်တော့်ကို ကစားသမား တစ်ဦး အဖြစ် သိထားပြီး ကျွန်တော် ကလည်း သူ့ကို လေးစားမှု ရှိပါတယ်။ ဒါက အပြန်အလှန် လေးစားမှုပါ။”
“ကျွန်တော်ဟာ မက်ဆီ မဖြစ်ချင်ဘူး ဆိုတာ နှစ်ဦးစလုံး သိထားပါတယ်။ ကျွန်တော့် လမ်း ကိုပဲ ကျွန်တော် လျှောက်ချင်ပါတယ်။ ဒါပါပဲ။ သူ့လို ကစားလိုစိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကျောနံပါတ် ၁၀ ကလည်း သူ ဝတ်ဆင်ခဲ့လို့ ဆိုတာမျိုးလည်း မဟုတ်ပါဘူး။” လို့ CBS ရုပ်သံနဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
ယာမယ်ဟာ အရင် ကလည်း သူ့ကို GOAT တစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ ခိုင်းနှိုင်း ပြောဆိုနေတာကို သဘောမကျကြောင်း ဖွင့်ဟဖူးပါတယ်။ ယာမယ် လက်ရှိမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံရယူထားပြီး နှစ်ဦးစလုံးဟာ လာလီဂါ ထိပ်သီး တို့ရဲ့ လာမာစီယာ အကယ်ဒမီထွက်တွေလည်း ဖြစ်ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိခင်နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရနိုင်ခြေလည်း ရှိနေပါတယ်။

အင်တာဗျူး တစ်လျှောက်လုံးမှာ လာမင်းက သူ့ကိုယ်သူ အမှတ်တံဆိပ် ဖြစ်လာဖို့ အတွက်သာ တည်ဆောက်လို့တဲ့ အတွေးအခေါ်ကို ခိုင်မာစေတာ တွေ့ရပြီး သူက ပွဲကို ပျော်ရွှင်စွာ ခံစားဖို့နဲ့ လူတွေကို ဖျော်ဖြေဖို့ ကစားနေတာ ဖြစ်ကြောင်းလည်း ပြောခဲ့တာ တွေ့ရပါတယ်။
“ကျွန်တော့်ရဲ့ ဘောလုံးက ပျော်စရာ အကြောင်းပါ။ လူတွေ ကြည့်ရှု ခံစားနိုင်အောင် ကျွန်တော် ကစားပါတယ်။ မှတ်တမ်း တစ်သန်း ဒါမှမဟုတ် ဂိုး တစ်သန်း အတွက် မဟုတ်ပါဘူး။ ဒါဟာ ဘာစီလိုနာရဲ့ DNA နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတဲ့ ဒဿန တစ်ခုပါ။ ဘောလုံး ဆိုတာ တီထွင် ဖန်တီးနိုင်စွမ်း၊ ဖော်ပြမှုနဲ့ လှုံ့ဆော်မှု ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
လာမင်း ယာမယ်ဟာ ဘောလုံး အားကစားကို ကိန်းဂဏန်းတွေ အတွက် ပြိုင်ပွဲ တစ်ခု အဖြစ် မရှုမြင်ဘဲ၊ အထူးသဖြင့် သူ့ကို အားကျတဲ့ ကလေးတွေ အတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးနိုင်တဲ့ စင်မြင့် တစ်ခု အဖြစ် ရှုမြင်ထားတာလည်း ဖြစ်ပါတယ်။\
ယာမယ်ဟာ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၀ ကစားထားပြီး ၃၂ ဂိုး သွင်းယူကာ ၃၆ ကြိမ် ပြုလုပ်ထားပါတယ်။ လက်ရှိ ဆယ်ကျော်သက် ကစားသမားတွေထဲမှာ တန်ကြေး အမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ယာမယ်က ဒီရာသီ မှာတော့ ၁၄ ပွဲ ကစားကာ ၇ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


