အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အဲလ်ချီ ကွင်းလယ် ကြယ်ပွင့် ရိုဒရီ မန်ဒိုဇာကို စောင့်ကြည့်နေပြီး ယူရို သန်း ၂၀ သန်း (ပေါင် ၁၇.၅ သန်း) နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
အာနေး ဆလော့တ် အနေနဲ့ အသင်းကို အကောင်းဆုံး ပုံစံ ပြန်လည် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင် လစ်ဗာပူးလ်က ဘရန်ဒန် ရော်ဂျာစ်ကို အံ့အားသင့်ဖွယ် ပြန်လည် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ရဲ့ နောက်ထပ် ပစ်မှတ် နည်းပြ ကတော့ အန်ဒိုနီ အိုင်ရာအိုလာ ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်က အဒမ် ဝှာတန်ကို ပေါင် သန်း ၇၀ (ဒေါ်လာ ၉၂.၆ သန်း) နဲ့ လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ် နည်းပြ ကတော့ သူတို့ရဲ့ ကစားသမားကို ယူနိုက်တက်တို့ ဥရောပ ဝင်ခွင့် ရမှသာ လက်လွှတ်ပေးလိုနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် အနေနဲ့ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲလ်မက်ဒရစ်က လိုချင်နေတဲ့ ယူရို သန်း ၈၀ သန်းကို ပေးချေရဖို့ ရှိနေကြောင်းလည်း DefensaCentral က ဖော်ပြထားပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ သောမက်စ် ဖရန့်ခ် လက်ထက်မှာ စိုးရိမ်ဖွယ် ကောင်းတဲ့ အခြေအနေတွေကို ဖြတ်သန်းနေရတာကြောင့် အသင်း တာဝန်ရှိသူတွေက ဘာစီလိုနာ မန်နေဂျာဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို ပြောင်းလဲ ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ် ကတေ့ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကိုဘီ မိန်းနူးကို လာမယ့် ဇန်နဝါရီမှာ အငှားနဲ့ ခေါယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မိန်းနူး ကိုတော့ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ ပြိုင်ဘက် နာပိုလီ ကလည်း စိတ်ဝင်စားနေပါတယ်။ မိန်းနူး ကတော သူ့ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း စကော့တ် မက်တော်မီနေးနဲ့ နာပိုလီမှာ သွားရောက် ပူးပေါင်းဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
နီကိုးလက်စ် ဂျက်ဆန် ကတော့ ဘေယန်မြူးနစ်မှာ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ထက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြန်လာဖို့ အလားအလာ များနေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကတော့ အသင်း အတွက် ခြေစွမ်းပြနိုင်တဲ့ ခပ်ရှားရှား ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဒေါမနစ် ဆဘို့ဇ်လိုင်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ် ပေါ့ဘာ ကတော့ တားမြစ် ဆေးသုံးစွဲမှု ပိတ်ပင်ခံရပြီးနောက် မိုနာကို အတွက် ပြန်လည် ကစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေအရ သူဟာ မမျှော်လင့်ပဲ ပါရစ်စိန့်ဂျာမိန်းကို ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


