နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရဖို့ ရာခိုင်နှုန်း အနည်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်နေတဲ့ ဆက်စ်ကို

စူပါကွန်ပြူတာရဲ့ ကြိုတင်ခန့်မှန်းတွက်ချက်မှုအရ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုရဖို့ ရာခိုင်နှုန်း တော်တော်လေး နည်းပါးနေတာ တွေ့ရပါတယ်။ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ပေါင် ၇၃.၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ ပြီးခဲ့တဲ့ရာသီက ထိပ်တန်း ဂိုးသွင်းရှင်တွေ ဖြစ်ခဲ့တဲ့ အာလင်း ဟာလန်း၊ မိုဟာမက် ဆာလာနဲ့ အလက်ဇန္တား အိဆက်ခ် တို့ကပဲ ဂိုးသွင်းအများဆုံး ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။ ထူးခြားတာက အာဆင်နယ် ကစားသမားသစ် ဗစ်တာ ယိုကီးရက်စ် အနေနဲ့ ပရီးမီးယားလိဂ် ရွှေ့ဖိနပ်ဆု အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား စာရင်းမှာ အဆင့် ၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဆလိုဗေးနီးယား တိုက်စစ်မှူး ကတော့ ရာသီအကုန်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံး သွင်းတဲ့ ကစားသမား ဖြစ်လာဖို့ ၀.၀၁ ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိမယ်လို့ တွက်ချက်ခံထားရပါတယ်။ ဆက်စ်ကိုဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက လိုက်ပ်ဇစ် အတွက် လိဂ်ပွဲ ၃၃ ပွဲ ကစားရမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လာမယ့်ရာသီ ယူနိုက်တက် မှာတော့ သူ့ရဲ့ မျှော်မှန်း သွင်းဂိုးက ၈.၉ ဂိုး ပဲ ရှိမယ်လို့ ခန့်မှန်းခံထားရပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က ဆက်စ်ကိုရဲ့ အသင်းဖော် ဖြစ်တဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဆလိုဗေးနီးယားသားထက် မျှော်မှန်းသွင်းဂိုးမှာ ပိုများနေတာ ဖြစ်ပါတယ်။

တချို့ ကတော့ ဆက်စ်ကို အနေနဲ့ ယိုကီးရက်စ်လိုပဲ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု၊ လျင်မြန်မှုတွေ အသားပေးတဲ့ လိဂ်မှာ အသားကျဖို့ အချိန်ယူရဦးမယ်လို့ သုံးသပ်နေကြပါတယ်။
ဆက်စ်ကို အပေါ်မှာ ကြီးမားတဲ့ မျှော်လင့်ချက်ထားနေတဲ့ ယူနိုက်တက် နည်းပြ အမော်ရင်

ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကတော့ အသင်းရဲ့ တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို အနေနဲ့ ကြီးမားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားကြောင်း ချီးကျူးထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာတော့ အရင်က ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းကို အလုံးစုံ ပြောင်းလဲမှု ပြုလုပ်ထားပြီး ဆက်စ်ကို၊ အမ်ဘူမိုနဲ့ ကူညာ တို့ ၃ ဦးကို အဓိက ပွဲထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမော်ရင် အနေနဲ့ အသစ် ခေါ်ယူထားတဲ့ တိုက်စစ် ကစားသမားတွေကို အများကြီး မျှော်လင့်ထားပုံ ရပြီး ဆက်စ်ကိုနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အမော်ရင်က “သူ့ဆီမှာ ကျွန်တော်တို့ လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေအရ ဆိုရင် သူက အလုပ် အရမ်းကြိုးစားလွန်းလို့တောင် တားယူရမယ့် ကစားသမားမျိုးပါ။ ဒါကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။”

“သူက အသက် အရမ်းငယ်ပါသေးတယ်။ လေထဲက ဘောလုံးတွေမှာ ကောင်းမွန်သလို ပြေးလမ်းကြောင်း ရှာဖွေမှု မှာလည်း ထူးချွန်ပါတယ်။ ဘောလုံးနဲ့ အတူ ကစားရရင်လည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် သူ့မှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို ကျွန်တော် ထင်တယ်။ သူက အများကြီး ပိုတိုးတက်လာနိုင်ပြီး ကျွန်တော်တို့ ကလပ်မှာ အိမ်လိုမျိုး ခံစားရမယ် ဆိုတာ သေချာပါတယ်။ သူဟာ ဒီအသင်းအဖွဲ့ထဲမှာ ရှိသင့်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်ရှင်ပါ။ သူ့ကို ရခဲ့တဲ့ အတွက် ကျွန်တော် တကယ်ကို အရမ်းပဲ ပျော်ရွှင်မိပါတယ်။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။ တချို့ ကတော့ ဆက်စ်ကို အနေနဲ့ ယိုကီးရက်စ်လိုပဲ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု၊ လျင်မြန်မှုတွေ အသားပေးတဲ့ လိဂ်မှာ အသားကျဖို့ အချိန်ယူရဦးမယ်လို့ သုံးသပ်နေကြပါတယ်။ ဆက်စ်ကိုနဲ့ အတူ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တဲ့ ယိုကီးရက်စ် ကတော့ ဘီလ်ဘာအိုနဲ့ ပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို ရရှိခဲ့ပြီး အရင်ပွဲတွေထက် ပိုပြီး အသင်းရဲ့ ကစားကွက်နဲ့ လိုက်ပါ စီးမြော ကစားလာနိုင်တာလည်း တွေ့မြင်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်