ဗစ်တာ ယိုကီးရက်စ် ကတော့ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အာဆင်နယ် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားက အသစ် ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ အခုလိုပဲ ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပါတယ်။
အာတေးတားက “ဒါက သူ့ရဲ့ ပင်ကိုယ်သဘာဝပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေ ချိန်သားကိုက် ပြေးလွှားပုံတွေ နောက်တစ်ဆင့်ကို ကြိုတင် ခန့်မှန်းနိုင်စွမ်းတွေ နေရာလွတ် ဘယ်မှာ ရှိမလဲ ဘောလုံး ဘယ်ကို ရောက်မလဲ ဆိုတာကို ကြိုသိမြင်နိုင်တဲ့ ပင်ကိုယ် အသိစိတ်မျိုးတွေ သူ့မှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ သူဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တာပါ။ ဒါက တိုက်ဆိုင်မှု မဟုတ်ပါဘူး၊ သူ့ရဲ့ အရည်အချင်းပါ။ သူက အမြဲတမ်း အခွင့်အရေးတွေ ရှာဖွေနေတတ်ပါတယ်။”
“သူက ပြိုင်ဘက် ဗဟိုနောက်ခံလူ နှစ်ယောက်လုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို နေရာလွတ်မှာ တစ်ဦးချင်း တွေ့ဖို့ ချန်ထားနိုင်ခဲ့ရင် သူက ပြိုင်ဘက်ကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒါကြောင့် သူက ကျွန်တော်တို့ အတွက် နေရာလွတ်တွေ အများကြီး ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး ဘယ်လို အခြေအနေမျိုးမှာမဆို ဂိုးသွင်းပေးနိုင်မယ့် ကစားသမား တစ်ယောက် အဖြစ် အဲ့ဒီနေရာမှာ ရှိနေမှာပါ။” လို့ အာတေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ဟာ ဘီလ်ဘာအိုနဲ့ အမ်းမရိတ်စ် ဖိတ်ခေါ်ဖလားမှာ ပုံစံကောင်း ပြန်ရပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ယိုကီးရက်စ်၊ ဆာကာနဲ့ ဟာဗက်ဇ် တို့က သွင်းယူပေးခဲ့ပြီး နေရာစုံက ကစားသမားတိုင်း ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ယိုကီးရက်စ်ဟာ အပိုင်အခွင့်အရေး တစ်ကြိမ် အပါအဝင် အပိုင် ခေါင်းတိုက်ချက် တစ်ကြိမ်သာ ဂိုးဝင်ခဲ့ရင် ဟက်ထရစ် ရမယ့် အခြေအနေ ဖြစ်ပါတယ်။
ဒါ့အပြင် မီခဲလ် အာတေးတားက သူ့ အသင်းရဲ့ တိုက်စစ်မှူး နှစ်ဦးလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်နေပြီး လာမယ့် ရာသီ အတွင်းမှာ ကိုင် ဟာဗက်ဇ်နဲ့ ယိုကီးရက်စ် တို့ကို ပွဲထွက် တိုက်စစ် အတွဲ အဖြစ် အတူတကွ အသုံးပြုသွားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အာတေးတားက “သူတို့ နှစ်ယောက် အတူတူ တွဲကစားလို့ ရပါတယ်။ ကိုင် ကလည်း နေရာစုံမှာ ကစားနိုင်တယ်။ ဒါက အသင်းရဲ့ အရည်အသွေး ဂိုးသွင်းယူနိုင်စွမ်းနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်မယ့် ရွေးချယ်စရာတွေကို မြှင့်တင်ပေးပါတယ်။ သူတို့ နှစ်ယောက်စလုံး ဂိုးသွင်းနိုင်တာ ခြေစွမ်းကောင်းတွေ ပြနေတာကို မြင်ရတာ အရမ်းပဲ ကောင်းပြီး ဒါက ရှိသင့်တဲ့ ပြဿနာကောင်း တစ်ခုပါပဲ။” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ပရီး
မီးယားလိဂ် ထိပ်သီး တို့ဟာ ဆွီဒင် တိုက်စစ်မှူးကို ပေါင် ၆၃.၅ သန်း အထိ ပေးချေကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာ ဖြစ်ပြီး စပို့တင်းနဲ့ ကာလရှည်ကြာ အကြိတ်အနယ် ညှိနှိုင်းပြီးနောက် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူလိုချင်တဲ့ တိုက်စစ်မှူးကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.