လစ်ဗာပူးလ် ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို အပိုဆုကြေးတွေ ပါဝင်တဲ့ ယူရို ၉၅ သန်းနဲ့ ခေါ်ယူဖို့ အတွက် အပြည့်အဝ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီးနောက် ယူရို သန်း ၉၀ နဲ့ ထပ်မံ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အသင်း အတွက် ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေခဲ့ရာ နယူးကာဆယ်က ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်နဲ့ အစ်ကီတီကီကို တစ်လှည့်စီ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ အိဆက်ခ် ကိုတော့ နယူးကာဆယ် ဘက်က ဘယ်လောက်ပေးပေး မရောင်းဘူးလို့ အကြောင်းပြန်ထားခဲ့သလို ရောင်းမယ် ဆိုရင်လည်း မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေး ပေးချေရမှာ ဖြစ်တာကြောင့် လစ်ဗာပူးလ်က အစ်ကီတီကီ ကိုပဲ အသေအချာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အစ်ကီတီကီ ကိုတော့ နယူးကာဆယ်က အစောပိုင်းမှာ စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကမ်းလှမ်းမှုကို ဖရန့်ဖတ်က ဘက်က ပယ်ချခဲ့တာကြောင့် အိဆက်ခ် ကိုပဲ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အနေနဲ့ လစ်ဗာပူးလ်နဲ့ ၆ နှစ် စာချုပ်ချုပ်သွားမှာ ဖြစ်ပြီး ကစားသမား ကလည်း တခြား ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် လစ်ဗာပူးလ် ကိုပဲ ပြောင်းရွှေ့ချင်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ယူရို ၉၅ သန်း ဆိုတဲ့ ပမာဏဟာ ဖရန့်ဖတ် အတွက်လည်း နောက်ထပ် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ပီအက်စ်ဂျီ အသင်းထံ ယူရို ၉၅ သန်းနဲ့ ရောင်းချခဲ့ပြီးတော့ အသင်းရဲ့ ကြေးအကြီးဆုံး ရောင်းချမှု အဖြစ် မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ဟာ အစ်ကီတီကီကို ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၆.၅ သန်း (ပေါင် ၁၄.၁ သန်း) တည်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားခဲ့တာပါ။
ပြင်သစ် ကလပ် ရိုင်းမ်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ အစ်ကီတီကီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပီအက်စ်ဂျီမှာ ကီလီယန် အမ်ဘာပေးက ခြေစွမ်းပြနေတာကြောင့် စုစုပေါင်း ၃၃ ပွဲ သာ ပွဲထွက်ခွင့် ရခဲ့ပြီး ၂၀၂၃-၂၄ ဘောလုံး ရာသီမှာတော့ ဖရန့်ဖတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ပြင်သစ်သားကို ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူခဲ့ပြီးမှ ခြေစွမ်း အပေါ် မူတည်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အစ်ကီတီကီဟာ ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ် အတွက် ၄၈ ပွဲ ကစားရာမှာ ၂၂ ဂိုး သွင်းကာ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လစ်ဗားပူးလ်ဟာ ဖလော်ရီယန် ဝစ်ဇ်၊ ဂျရယ်မီ ဖရင်ပေါင်၊ မီလော့စ် ကာကက်ဇ် တို့ကို ခေါ်ယူထားခဲ့ပြီးတော့ အစ်ကီတီကီကို ခေါ်ယူပြီးရင်တော့ လစ်ဗာပူးလ်ရဲ့ ဒီနွေရာသီ အသုံးစားရိတ်ဟာ ပေါင်သန်း ၃၀၀ ကျော်လာတော့မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ ပြီးရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ လာမယ့် ရာသီ အတွက် အတောင့်တင်းဆုံး လူစာရင်း တစ်ခုကို ပိုင်ဆိုင်သွားတော့မှာလည်း ဖြစ်ပါတယ်။ သူတို့ မျှော်လင့်ထားသလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ချင်စရာ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.